ငါးသိုင်းချောင်း ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးစီးကျင်းပသော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယနေ့နံနက် (၁၀:၃၀) အချိန်က ငါးသိုင်းချောင်းမြို့ အ.ထ.ကကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေးမှ အဖွင့်အမှာစကားပြောကြားကာ ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီ အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ အသင်းခွဲငယ်ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းများကို ကျောင်းသား၊ ကျောင်းသူတိုင်း တက်ရောက်ထားရန်လိုကြောင်းနှင့် တက်ရောက် နိုင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ဆက်လက်၍ ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးခင်မောင်သန်းက ကြက်ခြေနီ၏အဓိပ္ပာယ်နှင့် ကြက်ခြေနီ၏လုပ်ငန်းစဉ်များကို သင်ကြားပြသကာ ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း လက်ကမ်းစာစောင်များကိုပေးဝေခဲ့သည်။ ထိုရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကိုလည်း သုံးရက်တိုင်တိုင်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)