ပန်းတောင်း ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို နိုင်ငံတစ်ဝန်းရှိမြို့နယ် အသီးသီး၌ ယနေ့နံနက် (၆) နာရီကစတင်ကျင်းပလျက်ရာ ပန်းတောင်းမြို့နယ်၏ ရပ်ကွက်/ ကျေးရွာအုပ်စု (၄၉) အုပ်စုရှိ မဲရုံ (၁၂၁) ရုံတွင် မဲဆန္ဒရှင်ပြည်သူများလာရောက် ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော် တစ်ရပ်ချင်းစီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှလွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒ ပြုခန်းများ၌ လွတ်လပ်စွာဆန္ဒပြုခဲ့ကြကြောင်းသိရသည်။
ထိုသို့ပြည်သူများ လွတ်လပ်အေးချမ်းသာယာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအလိုက်တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)