မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်းကို ကျောင်းသား/သူများ  အေးချမ်းစွာ ဖြေဆိုလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုနေကြသည်။

မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲစတင်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးတတ်‌မြောက်မှု စစ်‌ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့၊ ပန်းဧရာအခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပန်းဧရာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ သုခဒဂုံဈေးနှင့် သုခဒဂုံယာဉ်ရပ်နားဝန်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ သုခဒဂုံဈေးနှင့် သုခဒဂုံယာဉ်ရပ်နားဝန်းတို့အား ဖေဖော်ဝါရီ ၁၈ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုစစ်ဆေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှု သွားရောက်ကြည့်ရှုစစ်ဆေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေး လျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီအောင်ရတနာဌေးသင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

တောင်တွင်းကြီးမြို့နယ်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင် တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ရန်ပယ်အားကစားကွင်း၌ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်အနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။  
Subscribe to