ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အရွေးခံမည့်လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဌာနဆိုင်ရာများပါဝင် ဆန္ဒမဲပေးလျက်ရှိ

ရွာငံ ဇန်နဝါရီ  ၁၁                  

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ၂၀၂၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင်ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၈)အုပ်စု တွင် မဲရုံ (၄၀ )ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၆၆၂၄) ဦး ရှိရာ ယနေ့ နံနက် ၆  နာရီမှ စတင်၍မဲရုံအသီးသီးတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း‌တွေ့ ရှိရသည်။

ထိုသို့  ဆန္ဒမဲလာရောက်ပေးရာတွင် ရှမ်းပြည်နယ်လွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) ရွာငံမြို့နယ် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ရွေးကောက်တင်မြောက်ခံမည့်လွှတ်တော်ကိုယ်စားလှယ် ဦးရာဇာငြိမ်းချမ်းနှင့်မိသားစုဝင်များဌာန ဆိုင်ရာများလည်းရွာငံမြို့နယ် ဈေးတန်းရပ်ကွက်ရှိ မဲရုံအမှတ် (၁)တွင် လာရောက်ဆန္ဒမဲပေးခဲ့ကြောင်းသိရသည်။ 

မြို့နယ်ပြန်/ဆက်