၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) သို့ ပြည်သူများအေးချမ်းစွာဆန္ဒမဲပေး

ရွှေကျင် ဇန်နဝါရီ   ၁၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန်တွင်မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာဆန္ဒမဲများပေးလျက်ရှိသည်။

ရွှေကျင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စုအတွင်းရှိ မဲရုံ (၂၅) ရုံ၌ ပြည်သူ့လွှတ်တော် လေးပါတီ၊ အမျိုးသားလွှတ်တော် ခြောက်ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊  ပဲခူးတိုင်းဒေသကြီးလွှတ်တော်ခုနှစ်ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူ စနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော် ငါးပါတီတို့က သက်ဆိုင်ရာမဲဆန္ဒအလိုက်ဝင်ရောက် ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှကိုယ်စားလှယ်လောင်းများကို ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)