လသာ ဇန်နဝါရီ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးအောင်စော၀င်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း လသာမြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးအောင်စော၀င်းနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း အမှတ်(၆)ရပ်ကွက် လျောင်စန်တောင်ဘုရားကျောင်း မဲရုံအမှတ်(၁)ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်က မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာကြည့်ရှုစေရေးနှင့် မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)