ချမ်းအေးသာစံမြို့နယ်၌ တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ကြင်းတော်ယန် ဗုဒ္ဓဘာဘုရားကျောင်းခန်းမတွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ မြန်မာ-တရုတ်သံတမန် ထူထောင်ခြင်း (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဖူကျင်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မန္တလေး)တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။