ပေါင် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ တပ်ဆင်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံကြည့်ရှုရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများအလိုက် ပြည်သူများ လွတ်လပ်၍ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရော်နစ်မဲပေးစက်(MEVM)များ ကောင်းမွန်စွာ တပ်ဆင်စမ်းသပ်မှုအခြေနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို မဲရုံးမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ လမ်းညွှန်မှာကြားခဲ့ပြီး ၎င်းတို့၏ တင်ပြင်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)