ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းကုသ

ဇေယျာသီရိ  မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးဖြင့် ယနေ့မွန်းလွဲပိုင်းက အခမဲ့ကွင်းဆင်းကုသပေးခဲ့သည်။

ကွင်းဆင်းကုသပေးရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊  နေပြည်တော်ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါ်မူမူချိုနှင့် တာဝန်ရှိသူများက ကျည်တောင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူ ၁၁၅ ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အဆစ်ရောင်၊ ဒူးနာ၊ သွေးတိုး၊ သွေးကျ၊ အနာပေါက်၊ ရင်ကျပ်၊ ချောင်းဆိုးစသည့် ရောဂါများကို ကုသပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)