ဒဂုံ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်ရှိလွှတ် တော်/တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းကျင်တွင်ယမန်နေ့ ညနေ ၆ နာရီခန့်အချိန်က လေပြင်းတိုက် ခတ်မှုကြောင့်သစ်ပင်ပြိုလဲမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ဖြစ်ပွားခဲ့ရာအလုံလမ်း၊ လွှတ်တော်ဂိတ်၃ အနီးတွင်ပေါက် နေသောကျွန်းပင် လုံးပတ် -၁၀"၊ အမြင့်-၂၀'သည်လမ်းပေါ်သို့ပြို လဲကျခဲ့ပြီး ပြည်လမ်း၊ ဂိတ် ၂ ရှေ့လွှတ်တော်ဝင်းအတွင်း ပေါက်နေသော အုန်းနှဲပင်လုံးပတ် ၁.၅' အမြင့် ၃၀' သည်လည်းလမ်းဘက်သို့ပြိုလဲကျခဲ့သည်။ ထို့အပြင် ပြည်လမ်း၊ လွှတ်တော်ဝင်းအတွင်းပေါက်နေသော ကုက္ကိုလ်ပင်၊လုံး ပတ်-၃' အမြင့်-၄၀' သည်လည်းမြေနီကုန်း တံတားဘောင်ပေါ်သို့ မေးတင်ပြိုလဲခဲ့သည်။ သစ်ပင်များပြိုလဲမှုများ ကြောင့်ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်၊ လူထိခိုက်မှုများမရှိခဲ့သော်လည်းလွှတ်တော်ဝင်းသံပန်း ခြံစည်း ရိုး(၁၀'×၅') ပျက်စီးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့သစ်ပင်ပြိုလဲမှုများအားပန်း ဥယျာဉ်၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊စမ်း ချောင်း/ဒဂုံ EO ရုံးအဖွဲ့တို့ပူး ပေါင်းခုတ်ထွင်ရှင်းလင်းဆောင် ရွက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
ကြည်ဇေသော်