ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပုဂံကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း၍ ဆေးလိပ်ငွေ့ ကင်းစင် အသိပညာပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ညောင်ဦး မေ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊၌ ယမန်နေ့၊ နေ့လယ် ၂ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပုဂံကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း၍ ဆေးလိပ်ငွေ့ကင်းစင် အသိပညာပေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆေးလိပ်ငွေ့ကင်းစင် ကြီးကြပ်ရေးကော်မတီနာယက ဦးတိုးလွင်က အဖွင့်အမှာစကား ပြေားကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းမှ ဖြည့်ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများအား ဖြည့်စွက်တင်ပြသည်။ ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဆေးလပ်ငွေ့ကင်းစင်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီမွန်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဆောင်ရွက်လျက်ရှိသည့် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍  Power Point ဖြင့် ဆေးလိပ်ငွေ့လုံးဝကင်းစင်ရေး ဆောင်ရွက်လျက်ရှိသည့် ဘုရားများနှင့် ဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြကာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးတင်မောင်ချို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယာယီတာဝန်ခံ)က ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်းတင်ပြပြီး ဆေးလိပ်ငွေ့ကင်းစင်ရေး တွင်ပါဝင်ဆောင်ရွက်လျှက်ရှိသည့် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက တင်ပြဆွေးနွေးကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆေးလိပ်ငွေ့ ကင်းစင် ကြီးကြပ်ရေးကော်မတီနာယက ဦးတိုးလွင်ကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း