ဒိုက်ဦးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်

ဒိုက်ဦး မေ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း(၁၉.၅.၂၀၂၃)ရက်နေ့တွင်  ဖြစ်ပွားခဲ့သော  လေပြင်းတိုက်ခတ်မှုကြောင့် ရွှေအင်ဒုံကျေးရွာအုပ်စု၊ ဖအောင်းစုကျေးရွာအုပ်စု၊ စက်ကွင်းရပ်ကွက်၊ မင်းတဲရပ်ကွက်၊ အင်းသဇင် ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ကမာဖရုံ ကျေးရွာအုပ်စု၊ ကတုတ်ရွာမကျေးရွာအုပ်စု၊ ကံကလေးကျေးရွာအုပ်စု၊ ဆင်စခန်း ကျေးရွာအုပ်စု၊ ဒရယ်မီးရပ်ကွက်၊ ဖောင်တော်သီကျေးရွာ၊ ပေါက်တပင်ကျေးရွာအုပ်စုတို့ လူနေအိမ်(၅၀) လုံးအတွက်ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းအခမ်း အနားကို မေလ  ၂၀ ရက်နေ့ည‌နေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ကျင်းပခဲ့သည်။

ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်နှင်းရာတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ပေးအပ်သောငွေများအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ရဲမှူးအောင်မျိုးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူးဦးအောင်မျိုးလွင်တို့က လေဘေးသင့်ခဲ့သော သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ အိမ်ထောင်စုများထံသို့ လက်ဝယ် အ‌ရောက်ပေးအပ်ခဲ့သည်။

(၁၉.၅.၂၀၂၃)ရက်နေ့တွင် အဆိုပါ ဖြစ်ပွားခဲ့သော လေဘေးကြောင့်အမိုးလန်၊ ပြိုကျပျက်စီးခဲ့ သောလူနေအိမ်(၅၀)လုံးအတွက် စုစုပေါင်းငွေကျပ်(၃၁၆၅၂၀၀)နှင့်ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါပုံးများအားပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)