ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အဖွဲ့သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းဆောင်သစ်လွှဲပြောင်းအပ်နှံပွဲ အခမ်း အနားသို့ တက်ရောက်

  ကြံခင်း   မေ   ၂၁

ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည်  ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ကြံခင်းမြို့နယ်၊  ကလို့ကွင်းအုပ်စုရှိ  စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်း(ချင်းမြောင်)ကျောင်းဆောင်သစ်အား  ပညာရေးဌာနသို့  လွှဲပြောင်းအပ်နှံပွဲ အခမ်းအနား တက်ရောက်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များကို   မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန် နှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ကြိုဆိုကြပြီး၊      စက်မှု၊ စိုက်ပျိုး ၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)ကျောင်းဆောင်သစ်  လွှဲပြောင်းအပ်နှံပွဲ  မုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြိးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီးနောက်၊ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကြပြီး၊  ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ  ကျောင်းဆောင်သစ် ပြင်ဆင်ထားရှိ မှုအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အဆိုပါကျောင်းဆောင်ခန်းမအတွင်း     အခမ်းအနား ကျင်းပရာ  ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက်၊     (Datail Land) ကုမ္ပဏီဒါရိုက်တာဦးမြင့်ဆွေက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို  တိုင်းဒေသကြီးပညာရေးမှူးရုံးမှ  ညွှန်ကြားရေးမှူး  (စီမံ)ဒေါက်တာကျော်စိုး နိုင်အား လွှဲပြောင်းပေးအပ်ခြင်းနှင့်    တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးမောင်မောင်သန်းအား မြတ်မော်တင်စွန်းဘုရား ဘက်စုံမွမ်းမံပြင်ဆင်ရန်  အလှူငွေကျပ်(၃)သိန်းအား ပေးအပ်လှူ ဒါန်းပါသည်။

ယင်းနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမင်း ကကျေးဇူးတင်စကားပြန် လည်ပြောကြားပြီးနောက်အခမ်း အနားပြီး မြောက်ပါသည်။ ထိုနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်(၁:၅၃)တွင်  မြန်အောင်မြို့ဘက်သို့  ဆက်လက်ထွက်ခွာသွားကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)