ညောင်ဦး မေ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၁၁ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေအလှူ တော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာသို့ ဝေမျှခြင်းမိသားစု ကသောက်သုံးရေ ဂါလံ ၁၆၀၀ သွားရောက် လှူဒန်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း