ပခုက္ကူမြို့၌ အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး (Talk Show)ပွဲအစီအစဉ် ပြုလုပ်

ပခုက္ကူ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ယုံကြည်စိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး (Talk Show)ပွဲအစီအစဉ်ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ပထမဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က အသိပညာပေး (Talk Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး အစားအသောက်ဘေးကင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က “စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းများဖြစ်ရေး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးရမည့် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများ ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ ကုန်စည်(သို့) ဝန်ဆောင်မှု ဝယ်ယူသုံးစွဲမှုများအပေါ် စိတ်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် အချက်အလက်များနှင့် စားသုံးသူကော်မတီ အဆင့်ဆင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)