နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

နောင်ချို မေ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၈ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘဏ်တွင် ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူ လယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝတိုးတက်စေရန် ရည်ရွယ်၍ မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျေးရွာအုပ်စု (၆)အုပ်ရှိ တောင်သူဦးရေ (၁၄၆)ဦးအတွက် စပါး ၁ ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ ပြောင်း ၁ ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း စပါးဧက (၁၀၁)ဧကနှင့် ပြောင်း(၇၇၃)ဧကအတွက် စုစုပေါင်း ထုတ်ချေးငွေ (၉၂၄၅၀၀၀၀/-) (ကိုရာနှစ်ဆယ့်လေးသိန်းငါးသောင်း)တိတိအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)