သပိတ်ကျင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးချိန်အမီ ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး/အတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့တွင် Grade- 9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် Grade - 9 (သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက အထက(၁)လွိုင်လင်မြို့ နဝဒေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်

၂၀၂၃-၂၄ ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို ဧပြီလထဲတွင် ပြန်လည်ဖွင့်လှစ် သင်ကြားတော့မည်ဖြစ်၍ စာသင်ကျောင်းနှင့်စာသင်ခန်းများ သန့်ရှင်းမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက်(၉း၀၀)အချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်းကာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများအတွင်း စုပေါင်းသန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

လက်ပံတန်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဘီးလင်းတန်းရပ်ကွက်အတွင်းရှိ နေအိမ်များ၌ အဘိတ်ဆေးခတ်ပေးခြင်းနှင့် အသိပညာပေးပြောကြားခြင်းကို‌ ယနေ့ နံနက် ၁၀ နာရီကဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာဦးမောင်မောင် (မင်းဏီလူ) တို့ ပူးပေါင်းကျင်းပသော မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉) နာရီက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်ရုံးတွင် လူငယ်နှင့်စာပေအသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက်(၁၀)နာရီတွင် လူငယ်များအနေဖြင့် သုတစာပေ၊ ရသစာပေများကို လေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show  ဆောင်ရွက်ခဲ့သည်။

ကျိုက်မရော၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများပုံမှန် ထုတ်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ယနေ့နံနက် ၈ နာရီအချိန်ကစတင်ကာ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်သူများမှစာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူလေးများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍  ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာအောင်သစ်ရေးသားသည့် "မိမိဘ၀ထူထောင်အောင်မြင်ရေး"စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ်(၁၂)နာရီအချိန်က စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့်  မရှိမဖြစ်ဇွဲစာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
Subscribe to