ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ

ရေတာရှည်  မေ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ စိုင်းရကြိုးဝိုင်း၊ အကွက်အမှတ်(၇၃)အတွင်း အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယ​နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်​ဝေနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဂုံမင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀)ဦးမှ ကျွန်း၊ ပိတောက်၊ သင်းဝင်၊ ပျဥ်းမ၊ မန်ဂျန်ရှားစသည့် သစ်ပင်ပျိုးပင်(၄၅၀)ပင်အား  သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)