ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ဥတ္တသီရိ မေ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်အတွင်း အခြေခံပညာကျောင်း(၄၈)ကျောင်းတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း()ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)()ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊  အလယ်တန်းကျောင်း (ခွဲ)()ကျောင်း၊ မူလတန်း(လွန်)()ကျောင်း၊ မူလတန်းကျောင်း (၁၉)ကျောင်း၊ စုစုပေါင်း(၄၈) ကျောင်းတို့တွင်  မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှစတင်ကာ အခြေခံပညာ ကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)