မိုင်းရယ် မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ ကျောင်းစတင်အပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း အခြေခံပညာကျောင်းများမှ သိရသည်။
အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို ယနေ့မှစ၍ လကုန်အထိသတ်မှတ်ထားပြီး မြို့နယ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများ၊ ကျောင်းသား/သူများက ကျောင်းအပ်နှံခြင်းကို စိတ်လက်တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဆရာ/မများက ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးစေဖို့အတွက် ကျောင်းအပ်နှံရေး အသိပညာပေးကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၃)ကျောင်းရှိပြီး အထက(၁)၊ အထက(ခွဲ) (၁)၊ အလက(၄)၊ အလက(ခွဲ)(၆)၊ မူလွန်(၂၆)၊ အမက(၅၁)နှင့် အမက(၁၃) ကျောင်းတို့ဖြစ်ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)