ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင် ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၄) နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း အမျိုးသား/အမျိုးသမီး ဝန်ထမ်းများ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာ ဖူဆယ်ဘောလုံး ကွင်းတွင် ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ်၌ (၂၆)ကြိမ်မြောက် အဘိဓမ္မာ ၇ ကျမ်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌  (၂၆)ကြိမ်မြောက် အဘိဓမ္မာ ၇ ကျမ်း အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က နောင်ကျော့ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁)နာရီက တော်ချိုက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းမူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မဟာအောင်မြေမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)၌ ရှေးဦးပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြသနည်း ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အမှတ်(၈)အခြေခံပညာအထက်တန်း‌ ကျောင်းခွဲ၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သောရှေးဦး ပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြသနည်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ‌ခဲ့ ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း များဖြစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှုသင်တန်းနှင့် အခြေခံအပ်ချုပ်သင်တန်းများ ဖွင့်ပွဲကျင်းပခဲ့သည်။

လူငယ်စကားဝိုင်း သန်လျင်၌ကျင်းပ

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ "အမွှေးဆုံးဂုဏ်အသင်းဆုံးရနံ့ " စာဖတ်ဝိုင်းကို ယ‌နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

တောင်ငူ၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်းအစို ၁၄၀ တင်း ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၅၃၅-က) တောင်သူဦးနိုင်ဦး၏ မျိုးစေ့ထုတ်စိုက်ခင်းနှံကောက်စပါးမျိုး စိုက်ဧက ၅ ဧက၌  မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပသည်။
Subscribe to