ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင် ကျောင်းအပ်လက်ခံ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ယနေ့ နံနက် ၈ နာရီမှစတင်၍ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ အတန်းအသီးသီးတွင် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကျောင်းအပ် နှံခြင်းများ ဆောင်ရွက်လျက်ရှိသည်။