သာစည်-ညောင်ရမ်းလမ်း ကတ္တရာခင်းခြင်း ဆက်လက်ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သာစည်-ညောင်ရမ်းလမ်း၌ ကတ္တရာခင်းရန် ကျန်ရှိနေသည့်လမ်းအရှည် ၁/၄.၆၈ မိုင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။