မိုးညှင်းမြို့နယ် ပင်ရဲလှကျေးရွာသို့ မြစိမ်းရောင်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ချေးပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နတ်ပုတ်ကျေးရွာ အုပ်စု ပင်ရဲလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် (၁၀)နာရီက မြစိမ်းရောင်ရန်ပုံငွေကျပ် ၄၂၆ သိန်းကို ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တောင်ငူ၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အထက(ပေါက်ခေါင်း)၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မှစတင်၍ အထက(ပေါက်ခေါင်း)၌ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့၌ တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီမှ တောင်သူများထံသို့ နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့် ​ကော်မတီ အဖွဲ့ဝင်များ၊ နေကြာစိုက်ပျိုးရန် တာဝန်ပေးအပ်ထားသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် (၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ နံနက်ပိုင်းက ထန်းတပင်အုပ်စု နံဂါတ်ကျေးရွာ နှင့် သောကြာဒူကျေးရွာအုပ်စု ကရင်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် Community Centreတွင်အမျိုး သားနေ့အကြို ပြပွဲပြိုင်ပွဲဟောပြောပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အမျိုးသားနေ့အကြို အထိမ်းအမှတ်ပြပွဲပြိုင်ပွဲ ဟောပြောပွဲများကို ယနေ့ နံနက်ပိုင်းတွင်ပြုလုပ် ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်စစ်ဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနတွင် လူနာ(၃၀)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။

သာစည်-ညောင်ရမ်းလမ်း ကတ္တရာခင်းခြင်း ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် သာစည်-ညောင်ရမ်းလမ်း၌ ကတ္တရာခင်းရန် ကျန်ရှိနေသည့်လမ်းအရှည် ၁/၄.၆၈ မိုင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to