ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်အပ်နှံနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်(၉) နာရီကစတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက် လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံပြီးစီး ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့နေမှုများကို တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ် စတင်လက်ခံ

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ စတင်ကျောင်းအပ်လက်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်လက်ခံ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၈)နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်လျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှု စတင်လက်ခံဆောင်ရွက်

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အား မေ ၂၃ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားရှိရာ မေ ၂၃ ရက် နံနက် ၉ နာရီမှ စတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်ရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှုများအား တာဝန်ခံဆရာ/မများက စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။
Subscribe to