ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမ၌ မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တံတားခရိုင်၊  ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ အားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့၌  မြန်အောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ (၁၄၂၄၃)ဦးရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့ ယနေ့နံနက်၌ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ(၁၄၂၄၃)ဦးရှိကြောင်းသိရ သည်။

စမ်းချောင်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်း​​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ မူလတန်းကျောင်းများ၊ မူကြိုကျောင်းနှင့် ရပ်ကွက်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက စတင်ကျောင်းအပ် လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို မေလ၂၁ ရက်မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇နာရီ မှ နေ့လယ် ၂ နာရီထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ တောင်သူများသို့ ထောက်ပံ့ပေးအပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရွာမကျေးရွာ ကွင်းအမှတ် ၅၂၇(A) တွင် မေလ ၂၃ ရက် နံနက် ၉ရက်နေ့ ကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေတောင်သူများသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ပေးအပ်ပွဲ အခမ်းအနားပြုလုပ်သည်။

ဖျာပုံမြို့ အမှတ် (၁၉)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၁၉)ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၁၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။
Subscribe to