ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၀) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်းတို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။