ငပုတောမြို့၌  ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ငပုတော မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့ တောင်ပိုင်းရပ်ကွက် သိမ်တော်ကြီးလမ်းရှိ ​မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးနှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။            

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလမှာ မေလ ၂၃.၅.၂၀၂၃ ရက်နေ့မှ ရက်နေ့မှ မေလ ၃၁ .၅.၂၀၂၃ ရက်နေ့အထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်သူ (ပြန်/ဆက်)