ညောင်ဦး မေ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားကျောင်းသူများအား ယမန်နေ့ ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ဆရာမများက စနစ်တကျကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း KG တန်းမှ Grade -12 အထိ ကျောင်းသားကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏လမ်း ညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ညောင်ဦးခရိုင်ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရ သည်။
ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူများစတင်လက်ခံလျှက်ရှိသည့် မေ ၂၃ ရက်နေ့မှာပင် ညောင်ဦးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၃၀၉၆)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၅၂၃)ဦး၊ အခြေခံပညာအလယ် တန်းကျောင်း Grade -6 မှ Grade -9 ထိ (၅၂၃)ဦး၊ Grade -10 မှ Grade -12 ထိ၊ ကျောင်းသားကျောင်းသူ (၁၆၅) ဦးလာရောက်အပ်နှံခဲ့ကာ၊ ကျောက်ပန်း တောင်းမြို့နယ်၌ KG တန်းမှ G-5 (၅၅၁၃)ဦး ၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၁၆၉၄)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း၊ Grade -10 မှ Grade -12 ထိ (၃၅၀) လာရောက်အပ်နှံကြရာ ကျောင်းသားကျောင်းသူစုစုပေါင်း (၁၁၃၄၁) ဦး ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင် ထံကသိရကာ မေ ၂၄ ရက်နေ့တွင်လည်း ကျောင်းအပ်နှံမှုများပြားလျက်ရှိကြောင်းသိရသည်။
ဒီပါလင်း