သရက်ချောင်းမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း   မေ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၀၂၃–၂၀၂၄) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်ခင်ဝေ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက (၂၀၂၃–၂၀၂၄) ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားကာ အဖွင့်အမှာစကား ပြောကြာခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်ခင်ဝေမှ အခမ်းအနား နှင့် ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာဌာနများအား စီမံကိန်းတာဝန်များပေးအပ်ကာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက အခမ်းအနားပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)