လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်

နမ္မတူ မေ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် မေလ (၁၅)ရက်နေ့ ည (၁၁)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လွယ်ကြူကျေးရွာအုပ်စု၊ တောနေကျေးရွာရှိ လူနေအိမ် (၁)လုံး၊ နားအော်ကျေးရွာအုပ်စု၊ မန်စပ်ကျေးရွာရှိ လူနေအိမ် (၂)လုံး၊ စုစုပေါင်း လူနေအိမ် (၃)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၀၀၀၀ ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေး မန်တုံမြို့နယ် ရပ်ကျေးစာရေးမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။

လူမော် (ပြန်/ဆက်)