ကျွန်းစုမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ကျွန်းစု မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Talk Show) အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စိုးစိုးသွယ်နှင့် အငယ်တန်းစာရေး ဒေါ်ယုယုဝါတို့က သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတပျက်စီးဆုံးရှုံးမှုများကြောင့် ပလတ်စတစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုလျှော့ချနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးအကြောင်း၊ အန္တရာယ်ရှိသော ပလတ်စတစ်ထုတ်ပိုးမှုများအကြောင်းနှင့် ပလပ် စတစ်သုံးစွဲမှု၏ ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)