နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ ပြုလုပ်

နတ်မောက် မေ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့က နတ်မောက်မြို့နယ်သရက်ချဥ် ကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန်နှင့် ဆိုင်ကယ်ပြင်ခြင်းဖြင့် မိသားစုဝင်ငွေရအောင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက သင်တန်းတွင် အချိန်ပြည့် ရက်ပျက်မရှိတက်ရောက်သူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထူချွန်ဆုတို့ အားပေးအပ်ခဲ့သည်။

အဆိုပါ ဆိုင်ကယ်ပြင်သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅)ရက်ကြာ အခမဲ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

လှဝင်း