သံတောင်ကြီး မေ ၂၄
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန်းစားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား ယနေ့နံနက် (၉) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီးနောက် ဂေးဂေ( Book Club) အဖွဲ့ဝင်မှ စာအုပ်ပါ အကြောင်းအရာဖြစ်သည့် လမ်းလျှောက်ထွက်ကြမယ် ၊ သိုက်မြုံမှခွာသောအခါ ၊ လျှို့ဝှက် ဆန်းကြယ်လပြည့်ညဝယ် ၊ မျှော်လင့်ချက် ၊ မွေးမေမေနှင့် ကျွေးမွေမွေစသည့် အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နော်အယ်ဝါး (Youth Club) အဖွဲ့ဝင်ကလူတန်းစားအလွှာမခြားနားစေရာ၊ ဘာကြောင့်မေ့တာလဲ ၊ အချိန်အခါကိုသိပါ ၊ နှုတ်ဆက်ခွဲခွာ ၊ ရှင်သန် တိုးပွားချစ်ခြင်းတရား ၊ စွန်းစားမှုဆီသို့ခြေတစ်လှမ်း စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောမင်းသား