တကောင်း မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် (၉)နာရီမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တကောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ(အ.လ.က)ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အခြေခံပညာဦးစီးဌာနမှ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားသော မေလ ၂၃ ရက်နေ့မှ ၃၁ရက်နေ့အထိ အဆိုပါ ကျောင်းများတွင် ကျောင်းအပ်နှံ မှုကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)