အထက်မင်းလှ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေး မည့်တောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအနေဖြင့် မိုးသီးနှံများစိုက်ပျိုးရာတွင် ဆီထွက်သီးနှံနေကြာအား လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး၊ လျာထားချက်ပြည့်မီရေးသီးသန့်၊ သီးညှပ်စိုက်ပျိုးကြရန်၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သွယ်သွယ်အုန်းက ၂၀၂၃ ခုနှစ်၊ မိုးသီးနှံချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်သည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကာ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးညီညီနိုင်က မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စီမံကိန်းဧကပြည့်မီရေးတို့ကိုဆွေးနွေးခဲ့ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက လယ်ယာမြေလုပ်ခွင့်ပြုလက်မှတ် ပုံစံ-၇နှင့်ပတ်သပ်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် တောင်သူများက ဆီထွက်သီးနှံမိုးနေကြာစိုက်ပျိုးနိုင်ရေးနှင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)