ကျိုက်မရော မြို့နယ်အတွင်းမိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ကျိုက်မရော မေ ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် မေ လ ၁၈ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိသည်။

ယနေ့တွင် ကျေးရွာအုပ်စု ကော့ပနောကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၃၅)ဦးတို့၏ မိုးစပါးစိုက်ဧက ၁၆၀ ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေသိန်း( ၂၄၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ကျေးရွာအုပ်စု(၃၉)အုပ်စုမှ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးဆောင်ရွက်​နိုင်စေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း(၁၄၁၆၉)သိန်းကျပ်အား ထုတ်ချေးပေးရန်လျာထားပြီး တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်(ကျိုက်မရော ဘဏ်ခွဲ) မြို့နယ်မန်နေဂျာ ဦးမင်းသက်စံထံမှသိရသည်။

 မြို့နယ်(ပြန်/ဆက်)