ကြံခင်းမြို့နယ် ဘက်ရဲမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနှင့် ဘက်ရဲတိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်လုပ်ထားမှုအား ကြည့်ရှုစစ်ဆေး

ကြံခင်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဘက်ရဲမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနှင့် ဘက်ရဲတိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်လုပ် ထားမှုအား    ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး နှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ဘက်ရဲမြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ လာရောက်အပ်နှံသော ကျောင်းသား/သူများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများ၏ ကျောင်းအပ်လက်ခံပေးနေမှုအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများဖြင့် တွေ့ဆုံကာ ဇွန်လ(၁)ရက်နေ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန် ရေး၊ စာသင်ခန်းများ စာသင်ခုံများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ အေးချမ်းစွာပညာ သင်ကြားနိုင်ရေးနှင့် ရာနှုန်းပြည့် ကျောင်းတက် နိုင်ရေးအတွက် လိုအပ်ချက်များအား မြို့အုပ်ချုပ်ရေးအဖွဲ့များဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နောက် ဘက်ရဲတိုက်နယ် ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်လုပ်ထားခြင်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်းရှိရာ မေလ(၂၃)ရက်နေ့တွင် ကျောင်းအပ်နှံသူ ကျောင်းသား/သူ စုစုပေါင်း(၆၉၈၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)