တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တကောင်း မေ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်၊ နယ်မြေစခန်းမှူးရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ် ဦးစီးမှူးဦးမျိုးသူနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဆန်းတင့်နှင့် ဝန်ထမ်းများ၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုပေါင်း၍ ကျောင်းဝန်းအတွင်းရှိ အမှိုက်များ၊ ချုံနွယ်မြက်ပင်များ၊ သစ်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းကာ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်း ကားဖြင့် အမှိုက်ကျင်းသို့ စနစ်တကျ စွန့်ပစ်ခဲ့သည်။ထို့နောက် မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရန် သောက်သုံးရေဂါလံ (၁၆၀၀)အား ရေကန်အတွင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)