နတ်မောက်မြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ       

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ကျင်းပလျက်ရှိရာ မကွေး တိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ယနေ့နံနက်(၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တံတားဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေသူများအား ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ တံတားဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ ကျင်းပလျက်ရှိကြရာ တံတားဦးမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် ဆန္ဒမဲလာရောက်ပေးနေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်‌ ယ‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်ပေးလျှက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်မှစတင်၍ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် တောင်ဥက္ကလာပမြို့နယ်၌ နံနက်(၆)နာရီအချိန် မဲရုံများစတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ဇန်နဝါရီ (၁၁)ရက်တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်(၆)နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

ရေတာရှည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆ နာရီ၌ မဲရုံအသီးသီးတွင် စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက် မဲပေးလျက်ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ဝမ်းတွင်းမြို့နယ်အတွင်းရှိမဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက် ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်အတွင်းရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ သက်ဆိုင်ရာမဲရုံအသီးသီးတွင်ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများမှ နွားလှည်း၊ ကား၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့်  လာရောက်ဆန္ဒမဲပေး လျက်ရှိကြောင်းသိရသည်။    

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ ‌အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့နံနက် ၆ နာရီက သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပသည်။

သနပ်ပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပလျက်ရှိရာယနေ့ နံနက် ၆ နာရီအချိန်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိသည်။

ရေးမြို့နယ်၌  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏    ၂၀၂၅  ခုနှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို  ယနေ့နံနက်  ၆   နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ  မွန်ပြည်နယ် ရေးမြို့နယ်(လမိုင်းမြို့နှင့်ခေါဇာမြို့)အပါအဝင် မဲရုံ အသီးသီးတွင်  မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ  ဆန္ဒမဲပေးလျက်ရှိသည်။
Subscribe to