ထန်းတပင်မြို့နယ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်မှစတင်၍ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမဲရုံများ၌ ဆန္ဒမဲပေးကြရာတွင် ပြည်သူများမှ မဲစာရင်းလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်း၌ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ရွေးချယ်ဆန္ဒမဲပေးခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ မဲရုံ( ၁၅ )ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၈၈၇၀) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)