မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်လမ်းမကြီး ဘေးတစ်ဖတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပရေးအတွက် ရေဆိုးထုတ်အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက် လမ်းမကြီးဘေးတစ်က်တွင် မိုးရာသီကာလ ရေကြီး၊ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်ရေမြောင်းများတည် ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။