ကဝမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရစ်ကန်ဘူတာ၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း ရစ်ကန်ဘူတာ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၁)နာရီအချိန်က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊  အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း၌  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀  နာရီက ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

သရက်ချောင်းမြို့နယ်၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့   ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊  ကဗျာရွတ်ဆိုပြိုင်ပွဲ၊  ဂိမ်းကစားပြိုင်ပွဲယ‌မန်‌နေ့က ကမာပါ‌ကျေးရွာအုပ်စု၊ မေတ္တာကျေးရွာ အ-လ-က ကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ တာရှည်ခံဆေးစိမ်ခြင်ထောင်များအား သရက်ချောင်းမြို့နယ် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးအဖွဲ့တာဝန်ခံ ဆရာဦးဇော်လွင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့မရပ်ကွက်အတွင်းရှိ ပြည်သူများထံ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးခဲ့သည်။

ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် (၉) နာရီခွဲအချိန်က  ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ‌နေဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Subscribe to