မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊  အဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဆွမ်းသပိတ်လုံးလောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ မင်္ဂလာစေတီကုန်းတော်ကြီး ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် အကြိမ် (၃၀) မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို၊ နိုဝင်ဘာ (၁၂) ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အဆိုပါ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကဒွတ်၌ ကျင်းပခဲ့သည်။

ခိုလမ်မြို့ အ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညအထက်တန်း‌ကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို နိုင်ဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းရှိ မြတ်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် လျာထားမဲရုံ (၂၈) ရုံ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရပ်ကွက်များအလိုက် လျာထားမဲရုံ (၂၈) ရုံနေရာများအား သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဖြူလှနှင့် တာဝန်ရှိသူများက ယမန်နေ့ ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတော (တောင်) ရပ်ကွက်၊ ကျွန်းတောလမ်း၊ ကျွန်းတောဓမ္မာရုံတွင် ကျင်းပသည်။

မိုင်းရယ်မြို့နယ်မဲဆန္ဒနယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရန်အတွက် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့ နေလယ် ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရေတာရှည်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က ရေတာရှည်အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း အခမ်းအနား ကျင်းပဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကာ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများပြည့်စုံ မှန်ကန်စေရေး စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to