လှိုင်းဘွဲမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၌ အလင်းစေတမာန်စာကြည့်တိုက် ဖွင့်လှစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းနှင့် ပြည်သူလူထုလှူဒါန်းထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့သည့် အလင်းစေတမာန် စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်ထားသော ဆီထွက်သီးနှံစိုက်ခင်းများအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြိုနယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်ထားသော ဆီထွက်သီးနှံစိုက်ခင်းများအား ဖေဖော်ဝါရီ ၁၉ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဆီထွက်သီးနှံစိုက်ခင်း ဧက(၂၀၀)တွင် နေကြာ၊ နှမ်းနှင့် ပဲပုပ်ပင်များ စိုက်ပျိုးထားရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး၏ ဆီထွက်သီးနှံစိုက်ခင်း ဧက(၂၀၀)တွင် နေကြာ၊ နှမ်းနှင့် ပဲပုပ်ပင်များ စိုက်ပျိုးထားရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ရွှေဘိုမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံယိုနှင့်ဖျော်ရည်အမျိုးမျိုး)ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး တန်ဖိုးမြှင့်စားသောက်ကုန်(သီးနှံအခြေခံယိုနှင့်ဖျော်ရည်အမျိုးမျိုး)ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကြီးအောင်ဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၁၈  ရက်နေ့  နေ့လယ်(၃း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ အခမဲ့ဆံပင်ညှပ်ပေးခြင်း လာရောက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမကြီး‌ဘေး မြောင်းဖုံးပေါ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆံပင်ညှပ်ပေးခြင်းများ လာရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများသည် ယမန်နေ့ နံနက်ပိုင်းက အိုးဘိုရွှေကျင်ရပ်ကွက်အတွင်း မီးဘးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် အလင်းသစ်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး‌စေရန်ရည်ရွယ်၍  အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၊ အလင်းသစ်စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြသည်။

ရွှေဘိုခရိုင်အကျဉ်းဦးစီးဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရွှေဘိုခရိုင် အကျဉ်းဦးစီးဌာနတွင် ယမန်နေ့နံနက် (၁၁း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to