မင်းလှမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အလုံမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးစစ်ဆေး

တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုကျင်းပမည့် နေရာများသို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်ရှေ့ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော် ကျင်းပနိုင်ရန်ဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ (၂၅)ကြိမ်မြောက် ငွေရတုဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော်ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက်ပိုင်းကစ၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကမာရွတ်မြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းမဲ့စျေးရောင်းချမှုမရှိစေရေးနှင့် လေလွင့်ကလေးငယ်များမရှိစေရေးရှင်းလင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျွန်းတောလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမကြီးများတစ်လျှောက်တွင် ပြည်သူများယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းမဲ့စျေးရောင်းချနေသော စျေးသည်များအား စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက လာရောက်ထုတ်ယူနေလျက်ရှိသည်။

စမ်းချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့် သရုပ်ပြသခြင်း ဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး၌‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ချေးငွေအာမခံစနစ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ချေးငွေအာမခံစနစ်(CGI- Credit Guarantee Insurance)အကြောင်း MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၄ -၂၀၂၅. ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ် ဆုံးစာမေးပွဲ စတင်ဖြေဆို

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲများကို ယမန်နေ့ နံနက်က စတင်ကာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အောင်သိဒ္ဓိဆန်စက်တွင် ယမန်နေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊  ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to