ဖာယကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖာယကျေးရွာဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ်၌ အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း​အဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ  အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ်တွင် ဆေးဝါးရောင်းချရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအပေါ် စစ်ဆေးရေး ပြုလုပ်

ကျောက်တံတားခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) မှ ဦးစီးအရာရှိ ဒေါက်တာအောင်ကိုကို ဦးဆောင်သောအဖွဲ့နှင့် လသာမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်တို့ ဦးဆောင်သောအဖွဲ့ဝင်များ ပူးပေါင်း၍မြို့နယ်အတွင်းရှိ ဆေးဆိုင်များကိုယနေ့နံနက်ပိုင်းအချိန်က လှည့်လည်စစ်ဆေးခဲ့ကြသည်။

လမ်းမတော်မြို့နယ်၌ (၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ ၁၀လမ်းနှင့် (၅) ရပ်ကွက်၊ ၁၁ လမ်းကွန်ကရိလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

 (၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ ၁၀လမ်းနှင့် (၅) ရပ်ကွက်၊ ၁၁လမ်းကွန်ကရိလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် (၁၀)လမ်းထိပ်တွင်လည်းကောင်း နံနက်(၇)နာရီခွဲတွင် မဟာဗန္ဓုလလမ်းနှင့် (၁၁)လမ်းထိပ်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေး ခရိုင်၊  ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက် အ.ထ.က (ခွဲ)  အ.လ.က (၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ခဲ့သည်။

ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်တွင် ဒဂုံတက္ကသိုလ် တည်ထောင်ခြင်း (၃၂) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ် တည်ထောင်ခြင်း (၃၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ ပဲပုပ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ရေငံကျေးရွာအုပ်စု၊ ပ/ကျားထူးကျေးရွာ၌ ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေး ၁၆၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to