သနပ်ပင် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်(၈)နာရီမှ စတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများနှင့်အတူ မိဘများက ကျောင်းလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း စုစုပေါင်း (၁၂၁)ကျောင်းရှိရာ ဆရာ/ ဆရာမများက ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံစေရေးအတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဆောင်ပုဒ်များကို အခြေခံပညာကျောင်းများနှင့် မြို့တွင်းရှိ လူစည်ကားရာနေရာများတွင် စိုက်ထူနှိုးဆော်ထားကြောင်းနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား မူလတန်း အဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)