ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး မေ ၂

ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အတွင်းရေးမှူး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလှိုင်မှ ရှင်းလင်းကြောင်း သိရသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီအသီးသီးမှ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ၊ ကော်မတီအဖွဲ့များတို့က အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားရာ ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အဖွဲ့အနေဖြင့် မိမိကော်မတီအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးသွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေ့ဆက်လုပ်ငန်းများကိုလည်း အောင်မြင်မှုရရှိအောင် ကြိုးစားပေးကြရန် ပြောကြားကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)