တောင်ဥက္ကလာပ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းသားမိဘများက ကျောင်းသား၊ ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိသည်။
“ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက် သင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားမိဘများက လာရောက်အပ်နှံလျက်ရှိရာ ဆရာ၊ ဆရာမများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းသားဝတ်စုံ(၁)စုံ စသည့်ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း သိရပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၃ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)