ကမမောင်းမြို့၌ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ကမမောင်း မေ ၂၄

ကရင်ပြည်နယ်၊    ဖာပွန်ခရိုင်၊     ကမမောင်းမြို့တွင်  အမှတ်(၁)အခြေခံပညာ   အလယ်တန်းကျောင်းခွဲဝန်းအတွင်း     သန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၏ကြီးကြပ်မှုဖြင့် ကမမောင်းမြို့ ရဲစခန်းမှ ရဲအုပ်ဝင်းကြိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ ကျောင်းဝန်းအတွင်း အန္တရာယ်ရှိ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များကိုသတ်မှတ်ထားသည့် စွန့်ပစ်နေရာများသို့ သွားရောက်စွန့်ပစ်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)